စက်တင်ဘာ ၈
ဗီယက်နမ်နိုင်ငံရှိလေဆိပ်များတွင် ယခုနှစ်ပထမရှစ်လအတွင်း ခရီးသွား ၈၃ သန်းနီးပါး ခရီးသွားလာမှုရှိရာ ယခင်နှစ်ကထက် ခရီးသွားလာမှု ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း ဗီယက်နမ်လေကြောင်းအာဏာပိုင်အဖွဲ့၏ ပြောကြားချက်ကို ကိုးကားပြီး ဒေသခံနေ့စဉ်သတင်းစာ ဒန်ဗီယက်တွင် ယနေ့ဖော်ပြထားသည်။
အဆိုပါကာလအတွင်း နိုင်ငံခရီးသွားများ ခရီးသွားလာမှု ၃၁ သန်း နီးပါးရှိပြီး ပြည်တွင်းခရီးသွားလာမှု ၅၂ သန်း ကျော်ရှိကြောင်း သိရသည်။
လေကြောင်းဖြင့်ပို့ဆောင်သောကုန်စည်ပမာဏ တန်တစ်သန်းကျော်ရှိရာ ၁၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။
ဗီယက်နမ်လေကြောင်းလိုင်းများသည် ဇန်နဝါရီလမှဩဂုတ်လအတွင်း နိုင်ငံတကာခရီးသွား ၁၃ သန်းနှင့် ပြည်တွင်းခရီးသွား ၂၆ သန်းအပါအဝင် ခရီးသွား ၃၉ သန်း ခရီးသွားလာမှုရှိရာ ယခင်နှစ်ကထက် ၉ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


