ဩဂုတ် ၂၇

ဗီယက်နမ်နိုင်ငံရှိ အကြီးဆုံးမြို့ကြီးနှစ်မြို့တို့တွင် ဟိုချီမင်းမြို့နှင့် မြို့တော်ဟနွိုင်းတို့တွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုသည် မကြာသေးမီသီတင်းပတ်များအတွင်း သိသိသာသာမြင့်တက်လာသည်။

နိုင်ငံတောင်ပိုင်းဟိုချီမင်းမြို့တွင် ဩဂုတ်လ ၁၁ ရက်မှ ၁၇ ရက်အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၂၅၀၀ ကျော် ထပ်မံတွေ့ရှိခဲ့ရာ ပျမ်းမျှအားဖြင့် လွန်ခဲ့သောသီတင်းပတ်လေးပတ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့်နှိုင်းယှဉ်ပါက ၃၈ ရာခိုင်နှုန်းမြင့်တက် လာသည်ဟု သိရသည်။

ဟိုချီမင်းမြို့တွင် ယခုနှစ်လက်ရှိအချိန်အထိ ထိုရောဂါဖြစ်ပွားသူ ၂၆၀၀၀ ကျော် ရှိကာ ၂၀၂၄ ခုနှစ် အလားတူကာလက ယင်းရောဂါဖြစ်ပွားမှုမှ ရာခိုင်နှုန်း ၂၂၀ အထက်ရှိပြီး သေဆုံးသူ ၁၅ ဦး ရှိကြောင်း ရောဂါထိန်းချုပ်ရေးစင်တာက အချက်အလက်ထုတ်ပြန်ဖော်ပြထားသည်။

ဟနွိုင်းမြို့တော်တွင် ဩဂုတ်လ ၁၅ ရက်မှ ၂၂ ရက်အတွင်း ရောဂါဖြစ်ပွားသူ ၁၄၅ ဦး ထပ်မံတွေ့ရှိကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက မကြာသေးမီကဖော်ပြထားသည်။

ကျန်းမာရေးအာဏာပိုင်းများက ခြင်နှိမ်နင်းရေးလှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး မြေပြင်တွင်ခြင်ပေါက်ဖွားမှုများဖယ်ရှားရန် အများပြည်သူများအား တိုက်တွန်းပြောကြားထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို