နိုဝင်ဘာ ၆
ဗီယက်နမ်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း နိုင်ငံခြားခရီးသွား ၁၇ ဒသမ ၂ သန်း နီးပါးဝင်ရောက်မှုရှိရာ ယခင်နှစ်က ခရီးသွားဝင်ရောက်မှုထက် ၂၁ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ကြောင်း ယနေ့တွင် တရားဝင်အချက်အလက်ဖော်ပြထားသည်။
အဆိုပါနိုင်ငံခြားခရီးသွားများအနက် အများစုသည် အာရှမှလာရောက်လည်ပတ်သောခရီးသွားများဖြစ်ကြောင်းနှင့် ၁၃ ဒသမ ၆ သန်းကျော်ရှိရာ လွန်ခဲ့သောနှစ်ကခရီးသွားလာရောက်မှုထက် ၂၁ ရာခိုင်နှုန်း ပိုမိုခဲ့ကြောင်း ဖော်ပြထားသည်။
ခရီးသွားဝင်ရောက်မှုများပြားလာခြင်းသည် ကောင်းမွန်သောဗီဇာမူဝါဒများရှိခြင်းနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အစီအစဉ်များ ပိုမိုအားကောင်းလာခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


