ဟနွိုင်း ဒီဇင်ဘာ ၃၀

 

ဗီယက်နမ်နိုင်ငံတစ်ဝန်း ၂၀၂၄ ခုနှစ်အတွင်းဖြစ်ပွားသော သဘာဝဘေးအန္တရာယ်များကြောင့် လူပေါင်း ၅၁၄ ဦး သေဆုံးခဲ့ပြီး ၂၂၀၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ငုယင်ဟောင်ဟစ်က ပြောကြားသည်။

 

သေဆုံးသူအရေအတွက်သည် ၂၀၂၃ ခုနှစ်ထက် ၃ ဒသမ ၀၄ ကြိမ်ပိုများခဲ့ကြောင်းနှင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း သာမန်ပျမ်းမျှသေဆုံးသူအရေ အတွက်ထက် ၂ ဒသမ ၄၄ ကြိမ်ပိုများခဲ့ကြောင်း ဒေသမီဒီယာများတွင် ဒီဇင်ဘာ ၃၀ ရက်က ဖော်ပြခဲ့သည်။

 

သဘာဝဘေးအန္တရာယ်များကြောင့် ၂၀၂၄ ခုနှစ် အတွင်း သေဆုံးခဲ့သူများအနက် သေဆုံးသူ ၃၄၅ ဦး မှာ တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့်ဖြစ်ပြီး အဆိုပါမုန်တိုင်းသည်နှစ်ပေါင်း ၃၀ အတွင်း တောင်တရုတ် ပင်လယ်တွင်ဖြစ်ပေါ်ခဲ့သော အပြင်းထန်ဆုံးမုန်တိုင်း ဖြစ်သည်။

 

သဘာဝဘေးအန္တရာယ်များကြောင့် စီးပွားရေး ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုပမာဏမှာ ဗီယက်နမ်ဒေါင် ၈၈ ဒသမ ၇ ထရီလီယံ (အမေရိကန်‌ဒေါ်လာ ၃ ဒသမ ၄ သန်း) ဖြစ်သည်။ အဆိုပါပမာဏသည် ၂၀၂၃ ခုနှစ် ထက် ၉ ဒသမ ၅၂ ဆ ပိုများကြောင်း သိရသည်။  ၂၀၂၄ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံသည် အလွန်ပြင်းထန်သည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။  ၂၀၂၄ ခုနှစ်အတွင်း မြေပြန့်လွင်ပြင်ဒေသ၊ တောင်ကုန်းဒေသ၊ အလယ်ပိုင်းကုန်းမြင့်ဒေသတို့တွင် လျှပ်တစ်ပြက်ရေကြီးရေလျှံနှင့် မြေပြိုမှုပေါင်း ၃၉ ကြိမ်ခန့်ဖြစ်ပွားခဲ့သည်။

 

ဆင်ဟွာ