ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေး  စတုဂတ်အိုးပင်း ကွာတားဖိုင်နယ်တက်လှမ်း

ဇွန် ၁၀၊ ၂၀၂၂

ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးဟာ    စတုဂတ် အိုးပင်းတင်းနစ်ပြိုင်ပွဲ   အမျိုးသား တစ်ဦးချင်း  ၁၆ ဦးအဆင့်   ပြိုင်ပွဲ မှာ ကာဇက်စတန်တင်းနစ်ကစား သမား  အလက်ဇန္ဒား  ဘက်လစ် အား     အနိုင်ရရှိခဲ့တာကြောင့်  ကွာတားဖိုင်နယ်      အဆင့်ကို  တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အန်ဒီမာရေးဟာ   ကာဇက် စတန်     တင်းနစ်ကစားသမား အလက်ဇန္ဒား ဘက်လစ်ကို ၆-၃၊ ၇-၆ (၇-၄)ဖြင့်  အနိုင်ရရှိခဲ့တာ ဖြစ်ပြီး စတုဂတ်အိုးပင်း အမျိုးသား တစ်ဦးချင်း    ကွာတားဖိုင်နယ် အဆင့်မှာ ဆစ်ဆီပက်(သို့မဟုတ်)ဆွစ်ဇာလန်တင်းနစ်ကစားသမား ဒိုမီးနစ်စထရစ်ကာနှင့်  ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။  

ဂရန်းဆလမ်း ချန်ပီယံဆုဖလား ကို   သုံးကြိမ်မြောက်  ဆွတ်ခူး ထားတဲ့ ဗြိတိန်တင်းနစ် အကျော် အမော် အန်ဒီမာရေးဟာ  ဇွန် ၂၇ ရက်မှာ    ကျင်းပမယ့် ဝင်ဘယ်တန် တင်းနစ်ပြိုင်ပွဲမှာ  ပါဝင်ကစားမှာ ဖြစ်ပြီး  လက်ရှိအချိန်မှာ မြက်ခင်း ပြင်တင်းနစ် ပြိုင်ပွဲအများစုမှာပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိနေတာဖြစ်ပါတယ်။


ငွေကြယ်