နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

 

 

၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီ တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂါရဝပြုသည်။ အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ဂါရဝပြုခဲ့သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံပိုင်မီဒီယာများက အာဇာနည်နေ့ အခမ်းအနားနှင့်စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့ရာ ၎င်းကအောက်ပါအတိုင်း ပြန်လည်ဖြေကြား ခဲ့ပါသည်-

 

“ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ကြိုးစားသွားတယ်။ လွတ်လပ်ရေး ရပြီးတဲ့အချိန်မှာလည်း မြန်မာနိုင်ငံကို ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ နိုင်ငံတစ်ခုအဖြစ် သွားနိုင်ဖို့ ဗိုလ်ချုပ်မျှော်မှန်းခဲ့တယ်ဆိုတာ ဗိုလ်ချုပ်ရဲ့ ပြောကြားချက်တွေမှာ အများကြီးပါ ပါတယ်။ ဒါကို ကျွန်တော်တို့လက်ရှိ ရှိနေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအားလုံး ဝိုင်းဝန်းကြိုးစားရမှာဖြစ်ပါ တယ်။

 

“ဝိုင်းဝန်းကြိုးစားတဲ့အခါမှာလည်း အားလုံးညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို တကယ်ကောင်းအောင် လုပ်မယ်ဆိုတဲ့စိတ်နဲ့ လုပ်ကြတာကောင်းပါတယ်။ ဗိုလ်ချုပ်တို့က အသက်စွန့်ပြီးတော့၊ အသက်ပေးပြီးတော့ လုပ်သွားကြတာပါ။ ဒါ့အပြင် တိုင်းပြည်ရဲ့တန်ဖိုးက လွတ်လပ်ရေးပါ။ နောက်တစ်ခါ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒါတွေရှိတယ်။ သို့သော်လည်း စည်းနဲ့ကမ်းနဲ့ဖြစ်တဲ့ စနစ်မျိုးတော့ ဖြစ်ဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ စည်းမဲ့ကမ်းမဲ့ လုပ်မယ်ဆိုရင် တိုင်းပြည်အတွက် အန္တရာယ်လည်း ရှိပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ လမ်းကြောင်းအတိုင်းပဲ တိုင်းသူပြည်သားအားလုံး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ကိုင်သွားကြဖို့ လိုပါတယ်”လို့ ကျွန်တော်ပြောချင်ပါတယ်။

 

 

သတင်းစဉ်