၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်

 

၁။        ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်အား တက်ရောက်ဖူးမြော်ကြမည့် ဘုရားဖူးပြည်သူ အများအပြား ရှိနေစဉ် ကင်မွန်းချောင်း တောင်တက်ယာဉ်စခန်းအား KNLA တပ်မဟာ (၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လူမဆန်စွာ အကြောင်း မဲ့လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်ဟု သိရှိရပါသည်။

 

၂။        အကြမ်းဖက် PDF တို့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ဘုရားဖူး ရဟန်း၊ ရှင်၊ လူနှင့် ကလေးငယ် များအပါ ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၃) ဦး သေဆုံးခဲ့ကြောင်း စိတ်နှလုံးမချမ်းမြေ့စွာ ကြားသိရပါသည်။

 

၃။        အပြစ်မဲ့ဘုရားဖူးပြည်သူများအား ဤသို့ ပစ်မှတ်ထားတိုက်ခိုက်သည့် ရွံရှာဖွယ် လူမဆန် သည့် အကြမ်းဖက်လုပ်ရပ်ကို မိမိတို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ လုံးဝလက်မခံနိုင်ပါ ကြောင်းနှင့် ပြင်းထန်စွာရှုတ်ချကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)