စာမေးပွဲဖြေဆိုပြီးချိန်တွင် မူးမေ့လဲကျသွားသည့် ကျောင်းသူတစ်ဦးအား ရဲတပ်ဖွဲ့မှ ဆေးရုံသို့ကူညီပို့ဆောင်ပေးပြီး အုပ်ထိန်းသူထံအပ်နှံ

နေပြည်တော် ၁၁ မတ်

၂၀၁၉ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန် ကရင်ပြည်နယ်၊ ဘားအံ မြို့နယ်၊ အိန္ဒုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် စာမေးပွဲဖြေဆိုသည့် ကျောင်းသူတစ်ဦးသည် စာမေးပွဲဖြေဆိုချိန်စေ့သဖြင့် ပြန်လည်ထွက်ခွာလာစဉ် မူးမေ့လဲကျသွား၍ အမျိုးသမီးရဲတပ်ဖွဲ့ဝင်ပါဝင်သည့် တပ်ဖွဲ့ဝင်များက ဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူကာ မိဘအုပ်ထိန်းသူထံသို့ အပ်နှံခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

(သတင်းစဉ်)