ရန်ကုန် ၁၅ ဖေဖော်ဝါရီ

မြန်မာနိုင်ငံ စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး) ခေါင်းဆောင်သော အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ဗီယက်နမ် စာပေယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲနှင့် နိုင်ငံတကာ ကဗျာရွတ်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဟနွိုင်းမြို့သို့ ထွက်ခွာသွားကြကြောင်း မြန်မာနိုင်ငံစာရေးဆရာအသင်းမှ သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံ စာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ တွဲဖက်အတွင်းရေးမှူး (၁) ဦးမြတ်ဝေတိုး (မြတ်ဝေတိုး-ပညာရေးတက္ကသိုလ်)၊ ဗဟိုအမှုဆောင်ကော်မတီဝင် ဦးကျော်စိုး (မောင်ကျေးဇူး) နှင့် မြဝတီမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသက်ဦး (သက်နိုင်ဦး-မြဝတီ)တို့လည်း လိုက်ပါသွားကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ ကမ္ဘာ့နိုင်ငံများမှ ကဗျာဆရာ၊ စာရေးဆရာ (၁၀ဝ)ကျော် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)