ဒေးဒရဲ  ၂၀  ဖေဖော်ဝါရီ 


ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်တွင် စားသုံးသူများ ဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ စည်ပင်သာယာမြို့မဈေးရှိ အိမ်သုံးဆေးဝါးဆိုင်နှင့် စိုက်ပျိုးရေးသုံးဆေးဝါးအရောင်းဆိုင်များအား ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး သက်တမ်းကုန်ဆုံးဆေးဝါးများ၊ မြန်မာစာအညွှန်းမပါသော ဆေးဝါးများ၊ ဆေး အဆိပ်အဆင့်အတန်း သတ်မှတ်ချက်မပါသော ဆေးဝါးများ၊ ရောင်းချမှုမရှိစေရေး စည်ပင်သာယာ မြို့မဈေးရှိ အိမ်သုံးဆေးဝါးဆိုင်များနှင့် စိုက်ပျိုးရေးသုံးဆေးဝါးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ သည်။ 


ထို့နောက် ကုန်စည်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည့် ဦးစားပေးကုန်စည်များကို သိရှိစေရေး အသိပညာပေးရှင်းလင်းခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 


MDN

 

123