စစ်ကိုင်း ၁၄ ဖေဖော်ဝါရီ 

 

စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ကြီးမှူး၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်အတူ စားသောက်ရန်မသင့်သည့် စားသောက်ကုန်များ ၊ သက်တမ်းလွန် စားသောက်ကုန်များနှင့် ခြင်ဆေးခွေများ မီးရှို့ဖျက်ဆီးခြင်းကို ယနေ့နံနက် ၁၀နာရီက အဆိုပါရုံးတွင်ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

 

" စစ်ကိုင်းခရိုင်အတွင်း စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်များရှိ စားသုံးသူရေးရာဦးစီးဌာနများက ဈေးများ၊ ကျောင်းဈေးတန်းများ၊ ရပ်ကွက်အတွင်းရောင်ချနေသော ဈေးဆိုင်များကို ကွင်းဆင်းစစ်ဆေးပြီး စားသုံးရန်မသင့်တဲ့ စားသောက်ကုန်များနဲ့ သက်တမ်းလွန်စားသောက်ကုန်များကို သိမ်းဆည်းထားပြီး အခုလို စုပေါင်းကာ မီးရှို့ဖျက်ဆီးခြင်းဖြစ်ပါတယ်”ဟု စစ်ကိုင်းမြို့နယ်တာဝန်ခံ ဦးခင်မောင်ဝင်းက ပြောသည်။

 

အဆိုပါ မီးရှို့ဖျက်ဆီးရာသို့ စစ်ကိုင်းခရိုင် /မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ရွှေဘို/စစ်ကိုင်း စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူးများနှင့် စစ်ကိုင်းမြို့နယ်တာဝန်ခံဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး အဆိုပါအဖွဲ့သည် စစ်ကိုင်းမြို့၊ဒါးဝယ်ဈေးရပ်ကွက်ရှိ ရွှေမြား သောက်ရေသန့်နှင့်ဧမြဝတီရပ်ကွက်ရှိ Golden Smile သောက် ရေသန့်စက်ရုံများသို့ ဆက်လက်ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

ဇော်မြင့်နိုင် ပြန်/ဆက်

 

Sar Thu(2