စစ်ကိုင်း နိုဝင်ဘာ ၃၀
စစ်ကိုင်းမြို့၌ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲဝင်များဖြင့် မြေပြင်ကွင်းဆင်း၍ စာရင်းကောက်ယူလျက်ရှိသည်။
ထိုသို့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် မြို့နယ်မဲစာရင်းမှန်ကန်စေရေး ကြီးကြပ် လုပ်ငန်းအဖွဲ့ ခြောက်ဖွဲ့မှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းခရိုင် စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်ဝင်း၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
နေလင်းအောင်(ပြန်/ဆက်)


