မုံရွာ ဒီဇင်ဘာ ၁၄
၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ စက်ဘီးစီးအားကစားပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့ အရှေ့ဘက် ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပသည်။
စက်ဘီးစီးပြိုင်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ မြို့နေပြည်သူများ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ အဆိုပါမုခ်ဦးရှေ့တွင် အမျိုးသား အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲအား တာထွက်အချက်ပြ ဖွင့်လှစ်ပေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး စက်ဘီးစီး ပြိုင်ပွဲဝင်အားကစားသမားများက အရှေ့ဘက်ကန်သာယာ ကန်တစ်ပတ်နှင့် အနောက်ဘက် ကန်သာယာကန်တစ်ပတ် ယှဉ်ပြိုင်ကြကာ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်းသူများ၊ စက်ဘီးစီးပြိုင်ပွဲဝင် အားကစားသမားများ ပန်းဝင်လာမှုကို တပျော်တပါး ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ ဂေါက်ကွင်းတွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ ဂေါက်သီးရိုက်ပြိုင်ပွဲသို့ တက်ရောက်ကြပြီး ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ ဂေါက်သီး ရိုက်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လာကြသည့် ဂေါက်သီးရိုက်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဖလားဝန်ကြီးဌာနပေါင်းစုံ ဂေါက်သီးရိုက်ပြိုင်ပွဲကို စမုတ်ဘောရိုက်၍ ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဝန်ကြီးဌာနပေါင်းစုံမှ ဂေါက်သီးရိုက်ပြိုင်ပွဲဝင် အားကစားသမားများက သတ်မှတ်တာထွက်နေရာများမှ စတင်၍ ပြိုင်ပွဲအား စတင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


