ဂန့်ဂေါ ၂၆ ဖေဖော်ဝါရီ 

ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနတွင် နွေရာသီ သင်တန်းအဖြစ် စစ်တုရင် သင်တန်းကို ဖွင့်လှစ်ထားပြီး သင်တန်းတွင် အသုံးပြုနိုင်ရန်အတွက် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးဇော်ဝင်းတို့က စစ်တုရင်သုံးပစ္စည်း ခြောက်စုံကို လှူဒါန်းခဲ့ကြောင်း သိရသည်။ 


စစ်တုရင်သင်တန်းကို ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ဖွင့်လှစ်ထားရာ ဝါသနာရှင် ကျောင်းသား၊ ကျောင်းသူ ၄၅ ဦးတို့ တက်ရောက်လျက်ရှိကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 


MDN 

123