စတုတ္တရာ ၂၄ ဖေဖော်ဝါရီ

 


မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်း မှုခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းစေရန်နှင့် ကျေးလက်နေပြည်သူများ မှုခင်းများနှင့် ပတ်သက်ပြီး ရှောင်ကြဉ်သတိပြုနိုင်စေရန် ရည်ရွယ်၍ စေတုတ္တရာမြို့နယ် ဖအိုင်းရဲကင်းစခန်းမှူး ရဲအုပ် စိုးအေး ဦးဆောင်သော တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီက စေတုတ္တရာမြို့နယ် ဆားတွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး မှုခင်းဆိုင်ရာသိကောင်းစရာ ပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 


အဆိုပါ ဟောပြောပွဲသို့ စေတုတ္တရာမြို့နယ် ဆားတွင်းကျေးရွာမှ ဒေသခံ ကျေးလက်နေပြည်သူ ၅၀ ဦးခန့် တက်ရောက်ကြပြီး စေတုတ္တရာမြို့နယ် ဖအိုင်းရဲကင်းစခန်းမှူး ရဲအုပ်စိုးအေးက သက်ငယ်မုဒိမ်းမှုမဖြစ်စေရေး အုပ်ထိန်းသူမိဘများ သတိပြု ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ သက်ငယ်မုဒိမ်းမှု ကျူးလွန်ပါက အရေးယူခံရမည့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ ဆိုးကျိုးများနှင့် ပြစ်မှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ စက်တပ်ယာဉ်များ စီးနင်းမောင်းနှင်ရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး စနစ်တကျ မောင်းနှင်သွားလာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ယာဉ်တိုက်မှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများ စသည်တို့အား ကျေးလက်နေပြည်သူများ ရှောင်ကြဉ်သတိပြု လိုက်နာဆောင်ရွက်နိုင်ရန် ညနေ ၅ နာရီခွဲအထိ အသေးစိတ် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။ 

 


ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက မှုခင်းဖြစ်ပွားမှု လျော့နည်းကျဆင်ရေး ပညာပေးဟောပြောမှုနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ရဲအုပ်စိုးအေးက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက တက်ရောက်လာသူများကို သက်ငယ်မုဒိမ်းမှု၊ မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဝေငှပေးခဲ့ကြောင်း သိရသည်။    

 


ရဲဝင်းနိုင် (ညောင်ဦး)