စေတုတ္တရာ ၁၁ ဖေဖော်ဝါရီ    

ကျောင်းသား/သူကလေးငယ်များ ကာယ၊ ဉာဏ စွမ်းရည်တိုးတက် မြင့်မားလာစေရန်၊ မြန်မာစာလုံးပေါင်းသတ်ပုံ မှန်ကန်စွာ ဖတ်ရှုတတ်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ပြည်ထောင်စုနေ့ (အကြို) စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ စေတုတ္တရာမြို့နယ် အမှတ်(၁) အလက(ခွဲ)ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ညိုညိုဝင်းနှင့် ဝန်ထမ်းများက ဆုရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့ကြပြီး ပြိုင်ပွဲဝင် ကလေးငယ်များအား စာရေးကိရိယာနှင့် အာဟာရမုန့်များ ဝေပေးခဲ့ကြောင်း သိရသည်။

စည်သူလွင်(ပြန်/ဆက်)