ဆေးလိပ်အခြောက်ခံရန် ကြပ်တင်ရာမှ မီးလောင်မှုဖြစ်ပွား

ပဲခူး ဇူလိုင် ၂၇

 

ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ဥဿာ(၁)လမ်း၊ ရွှေဘိုဒေါ်မဆေးလိပ်ရုံတွင် ဇူလိုင် ၂၆ ရက် ညနေ ၄ နာရီ ၅ မိနစ်ခန့်က ဆေးလိပ်အခြောက်ခံရန် မီးသွေးမီးဖိုဖြင့် ကြပ်တင်ရာမှ မီးလောင်မှုဖြစ်သွားကြောင်း သိရသည်။

 

မီးလောင်ရာသို့ ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဆောင်၍ နယ်မြေမီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၄၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး၊ မီးငြှိမ်းသတ်ယာဉ် (၁၃)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၂၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အလျား(၄၀)ပေ၊ အနံ(၄၀)ပေရှိ အုတ်ခံနှစ်ထပ်တိုက် နေအိမ်(၁)လုံး ပျက်စီးဆုံးရှုံးသွားပြီး မီးပေါ့ဆမှုကြောင့် ပဲခူးမြို့၊ မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ထိန်လင်း(ပဲခူး)