ဆေးရုံတက်ရောက်နေသည့် ကျောင်းသူတစ်ဦးအား တက္ကသိုလ်ဝင်တန်း စာမေးပွဲအချိန်မီဖြေဆိုနိုင်ရန်အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖြေဆိုခွင့်ကတ်ပြားကူညီပို့ဆောင်ပေး

နေပြည်တော် ၁၁ မတ်

ယနေ့နံနက် ၈ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသူ တစ်ဦးသည် အူအတက်ရောင် ရောဂါဖြင့် အရေးပေါ်ခွဲစိတ်ကုသရန် မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် တက်ရောက် ကုသနေရကြောင်း၊ ဆေးရုံကြီးစာစစ်ဌာနတွင် အချိန်မီဖြေဆို ခွင့်ရရှိနိုင်ရန်အတွက် မြို့နယ်လက်ထောက်ပညာရေးမှူးက အဆိုပါကျောင်းသူ၏ ဖြေဆိုခွင့် ကတ်ပြားအား ပို့ဆောင်ပေးရန် အကူအညီတောင်းခံလာသဖြင့် အမှတ် (၆၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲတပ်ကြပ် အောင်အောင်ကျော်က ဆိုင်ကယ်ဖြင့် အချိန်မီ ပို့ဆောင်ပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

(သတင်းစဉ်)