အိမ်မဲ ၂၄ ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်အတွင်းရှိ ပြည်သူများအား မြို့နယ်ပရဟိတအသင်းနှင့် ဆေးတက္ကသိုလ်(၂)မှ ကျောင်းသားဟောင်း ဆရာဝန်ကြီးများ ပူးပေါင်း၍ အခမဲ့ဆေးဝါးကုသပေးခြင်းကို အမှတ်(၂၉) မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ၌ ဖေဖော်ဝါရီ ၂၃ ရက်က လာရောက်ကုသပေးကြောင်း သိရသည်။

 

1

 

အိမ်မဲမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ ပြည်သူများက လာရောက်၍ ဆေးကုသမှုခံယူကြပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက လူနာများကိုကူညီ၍ လုပ်ဆောင်ပေးကြောင်း သိရသည်။

 

2

 

လူနာများမှာ အရိုးအကြော(၁၈၂)ဦး၊ အရေပြား(၅၂)ဦး၊ အထွေထွေ(၂၅၁)ဦး၊ ကလေး(၃၅)ဦး၊ မီးယပ်သားဖွား(၂၅)ဦး၊ နား နှာခေါင်း လည်ချောင်း(၅၆)ဦး၊ ခွဲစိတ်(၄၁)ဦးနှင့် မျက်စိ(၂၁၅)ဦးကို ပါမောက္ခသမားတော်ကြီးများ၊ အထွေထွေရောဂါကု သမားတော်ကြီးများ၊ ပါမောက္ခခွဲစိတ် အထူးကုဆရာဝန်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများ၊ မျက်စိ နား နှာခေါင်း လည်ချောင်း အထူးကုဆရာဝန်ကြီးများ၊ အရေပြားအထူးကု ဆရာဝန်ကြီးများက အခမဲ့ ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးမှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)