ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒီဇင်ဘာ  ၂၀  ရက်ညပိုင်းက ဆီဗီလာအသင်းနဲ့  ယှဉ်ပြိုင်ကစားခဲ့တဲ့  စပိန်လာလီဂါ  ပွဲစဉ်(၁၈)မှာ   အနိုင်ရရှိခဲ့ပြီးနောက်   အမှတ်ပေးဇယားထိပ်ဆုံးက ဘာစီလိုနာ  အသင်းကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဆီဗီလာအသင်းတို့ပွဲစဉ်မှာ   ရီးယဲလ်မက်ဒရစ်အသင်းက  နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၃၈ မိနစ်မှာ ဘယ်လင်ဂမ်က တစ်ဂိုး၊ ၈၉ မိနစ်မှာ အမ်ဘတ်ပီက တစ်ဂိုး သွင်းယူ ပေးခဲ့တာဖြစ်ပါတယ်။ ဆီဗီလာအသင်းဟာ  ချေပဂိုးပြန်လည်ရရှိရေးကြိုးပမ်းရင်း ဒုတိယပိုင်းပွဲကစားချိန် ၆၈ မိနစ်မှာ မာကောင် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာ ဖြစ်ပါတယ်။

အခုပွဲစဉ်မှာ  သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့  တိုက်စစ်မှူး အမ်ဘတ်ပီဟာ ရီးယဲလ်မက်ဒရစ် အသင်းနဲ့အတူ တိုက်စစ်မှူး စီရိုနယ်လ်ဒိုရရှိခဲ့တဲ့ တစ်ရာသီသွင်းဂိုး ၅၉ ဂိုး စံချိန်ကိုလည်း လိုက်မီခဲ့ပြီဖြစ်ပါတယ်။  တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ၂၀၁၃ ခုနှစ်အတွင်းက ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုး ၅၉ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး အဲဒီသွင်းဂိုး ၅၉ ဂိုးမှာ ဟက်ထရစ်သွင်းဂိုး ခုနစ်ကြိမ်လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်မှူး အမ်ဘတ်ပီဟာ အသက် ၂၇  နှစ်ပြည့်မွေးနေ့မှာ  စံချိန်သစ်တစ်ခုတင်နိုင်ခဲ့ပြီဖြစ်ပြီး   လက်ရှိအချိန်အထိ ကစားသမားဘဝတစ်လျှောက် ပွဲစဉ် စုစုပေါင်း  ၅၄၄  ပွဲမှာ သွင်းဂိုး ၄၁၀ နဲ့ ဂိုးဖန်တီးမှု ၁၇၆ ကြိမ်ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ ဆီဗီလာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် လာလီဂါပွဲစဉ်(၁၈)အပြီးမှာ  ရမှတ် ၄၂ မှတ်စုဆောင်းနိုင်ခဲ့ကာ အမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နေတဲ့ ဘာစီလိုနာအသင်းကို   ဆက်လက်ဖိအားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်