ဆီဆိုင် ဇူလိုင် ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာတွင် နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက တောင်သူ ဦးစိုင်းမတ်၏ စံပြကွက်၌ ပြုလုပ်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြေစာရင်းဦးစီးဌာနမှူး ဦးဝင်းနိုင်ဦး ဦးဆောင်၍ ဆီဆိုင်မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးမှူးဦးကျော်သူခိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးကျော်ကြင်၊ ဘန်းယဉ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စံကွက်ရိတ်သိမ်းရေးအဖွဲ့များက ဘန်းယဉ်ကျေးရွာ တောင်သူဦးစိုင်းမတ်၏ အထွက်ကောင်းမျိုး (ရွှေရင်အေး) အမျိုးအစား နွေစပါးစိုက်ခင်းအား စံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် ပျှမ်းမျှအထွက်နှုန်း အစို ၁၄၇ ဒသမ ၇၇ တင်း ထွက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


