ဆီဆိုင် အောက်တိုဘာ ၁၂

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် သမဝါယမ အသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း/အရှေ့ပိုင်း) သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌ ဒေါ်သန်းညိုတို့က အဖွင့်အမှာစကား ပြောကြားပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်း အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြားရှင်းလင်းတင်ပြ၍ တက်ရောက်လာကြသည့် အသင်းဝင် ကိုယ်စားလှယ်များထံမှ အတည်ပြုချက် ရယူဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း ဆောင်ရွက်ရာ ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က သဘာပတိ အဖြစ် ဆောင်ရွက်ပြီး အမှုဆောင်သစ်ကို သမဝါယမဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ် တာဝန်ခွဲဝေပေးအပ်၍ အမှုဆောင်သစ်များက တစ်ဦးချင်းစီ မိတ်ဆက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)