ရန်ကုန် ဒီဇင်ဘာ ၁၅
ဆီးဂိမ်း အမျိုးသားဖူဆယ်ပြိုင်ပွဲ အုပ်စုပထမနေ့ကို ဒီဇင်ဘာ ၁၅ ရက်က နွန်သာဘူရီရှိ Nonthaburi Sports Complex ၌ စတင်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။
ရုန်းကန်ခဲ့ရ
မြန်မာအသင်းသည် အဖွင့်ပွဲအဖြစ် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ငါးဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ ယခုနောက်ပိုင်း နှစ်များတွင် သိသိသာသာတိုးတက်လာသည့် အင်ဒိုနီးရှားအသင်း ကို မြန်မာအသင်းအနေဖြင့် ယှဉ်ကစားနိုင်ခြင်းမရှိဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် လောက်အထိ အင်ဒိုနီးရှားကို အပြန်အလှန်ကစားကာ သူနိုင်၊ ကိုယ်နိုင်ဖြစ်ခဲ့သည့် မြန်မာအမျိုးသားဖူဆယ်အသင်းသည် ယခုနောက်ပိုင်းနှစ်များတွင် အင်ဒိုနီးရှားအသင်းနှင့် ခြေစွမ်းပိုင်း ကွာဟလာခြင်းဖြစ်သည်။ မြန်မာအသင်းသည် ယခုပွဲတွင်လည်း ရုန်းကန်ခဲ့ရပြီး ပထမပိုင်းကတည်းက သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်နေခြင်းဖြစ် သည်။
အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ငါးသင်းသာရှိသဖြင့် ပတ်လည်စနစ်ဖြင့် ကျင်းပနေပြီး မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဒီဇင်ဘာ ၁၆ ရက်တွင် အိမ်ရှင်ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - MFF


