ရန်ကုန်   ဒီဇင်ဘာ   ၁၇

ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ တတိယလုပွဲနဲ့ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၇ ရက်က   ချောင်ဘူရီမြို့၌ ဆက်လက်ကျင်းပရာ ဖိလစ်ပိုင်အသင်းက ဗီယက်နမ်အသင်းကို ပင်နယ်တီအဆုံးအဖြတ် ခြောက်ဂိုး-ငါးဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုရရှိခဲ့သည်။

ဗိုလ်လုပွဲတွင် ဖိလစ်ပိုင်အသင်းနှင့် ဗီယက်နမ်အသင်းတို့ သာမန်ပွဲကစားချိန် မိနစ် ၉၀ တွင်  ဂိုးမရှိ၊ အချိန်ပိုမိနစ် ၃၀ တွင် ဂိုးမရှိသရေကျနေသဖြင့် ပင်နယ်တီဖြင့်ဆုံးဖြတ်ရာ ဖိလစ်ပိုင်အသင်းက ခြောက်ဂိုး-ငါးဂိုးဖြင့်အနိုင်ရခဲ့သည်။ ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ ကြီးစိုးထားမှုကို ဖိလစ်ပိုင်အသင်းက  အဆုံးသတ်ခဲ့ပြီး ချန်ပီယံအသင်းသစ်   ထွက်ပေါ်ကာ ရွှေတံဆိပ်ဆု  ပထမဆုံးရယူနိုင်ခဲ့သည်။

အုပ်စုတူနှစ်သင်း  ဗိုလ်လုပွဲတွင်   ပြန်လည်တွေ့ဆုံခြင်းဖြစ်ပြီး   အပြန်အလှန်တိုက်စစ်ဆင်နိုင်သော်လည်း ပွဲချိန်မိနစ် ၉၀ ပြည့်သည်အထိ ဂိုးမသွင်းနိုင်သဖြင့် အချိန်ပိုဆက်ကစားခဲ့ရသည်။ အချိန်ပို တွင်လည်း အဖြေမပေါ်သဖြင့် ပင်နယ်တီဖြင့် ဆုံးဖြတ်ရာ ဖိလစ်ပိုင်အသင်းက ခြောက်လုံးစလုံး ဂိုးဝင်ပြီး ဗီယက်နမ်အသင်း၏ ခြောက်လုံးမြောက် ပင်နယ်တီလွဲချော်ခဲ့သဖြင့် ဗီယက်နမ်အသင်း အရေးနိမ့်ကာ စံချိန်တင် ငါးကြိမ်ဆက်ဗိုလ်စွဲမည့်အခွင့်အရေး လက်လွှတ်ခဲ့ရသည်။

တတိယနေရာလုပွဲတွင်   အိမ်ရှင်ထိုင်းအသင်းက  အင်ဒိုနီးရှားအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ကြေးတံဆိပ်ရရှိခဲ့သည်။               

ရှိုင်းထက်ဇော်