ရန်ကုန်   ဒီဇင်ဘာ   ၁၇

ဆီးဂိမ်းမွေပြိုင်ပွဲ နောက်ဆုံးနေ့ကို ဒီဇင်ဘာ ၁၇ ရက်က ဆက်လက်ကျင်းပရာမြန်မာကစားသမားများ ကြေးတံဆိပ်ကိုးခု ဆွတ်ခူးရရှိခဲ့သည်။

ယခုပြိုင်ပွဲတွင် မြန်မာကစားသမားအများစု ဝင်ရောက်ယှဉ်ပြိုင်ရာ ကစားသမားကိုးဦးက  ဆုတံဆိပ်ကိုးခု   ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာမွေအဖွဲ့အတွက် ကြေးတံဆိပ်ကိုးခုကို အမျိုးသား ဘင်တန်ဝိတ်တန်းတွင်  စောခိုင်ရဲလင်း၊  ဖယ်သာဝိတ်တန်းတွင်  သွေးလင်းထက် (ခ) စောအဲထိ၊   ဖလိုင်းဝိတ်တန်းတွင်  ထန်ခွီးရှိန်၊  ပင်းဝိတ်တန်းတွင် စောမြတ်မိုး၊   လိုက်မစ်ဒယ်ဝိတ်တန်းတွင်   ထွန်းမင်းအောင်၊ လိုက်ဝယ်လ်တာဝိတ်တန်းတွင် ရေချမ်း (ခ) စူပါရေချမ်း၊ အမျိုးသမီး ဘင်တန်ဝိတ်တန်းတွင် မာလာဝင်း၊ ဖယ်သာဝိတ်တန်းတွင် နော်ဥမ္မာစိုး၊ လိုက်ဝိတ်တန်း အဲလိဇဘတ်တို့က ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာမွေအားကစားသမားများသည်  ဗိုလ်လုပွဲသို့  တစ်ဦးမျှတက်ရောက်နိုင်ခြင်းမရှိသော်လည်း  ကြေးဆုများ  ရယူနိုင်ခဲ့ခြင်းဖြစ်သည်။                                        

သတင်း-ချစ်ကိုကို၊ ဓာတ်ပုံ-PPS