ရန်ကုန်     အောက်တိုဘာ      ၂၀

ယခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် ဆီးဂိမ်းဖူဆယ်အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှစ်ခုစလုံးတွင် မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဆီးဂိမ်း အမျိုးသားဖူဆယ်ပြိုင်ပွဲတွင်  ပြိုင်ပွဲဝင် ငါးသင်း၊  အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင်   ပြိုင်ပွဲဝင်ခြောက်သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားပြိုင်ပွဲတွင်  ပြိုင်ပွဲဝင်  ငါးသင်းသာရှိသဖြင့်  အုပ်စုမခွဲဘဲ ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။ အမျိုးသား ဖူဆယ်ပြိုင်ပွဲတွင် ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မြန်မာနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ခြောက်သင်းရှိသောကြောင့်  သုံးသင်း နှစ်အုပ်စုခွဲ၍ ပြုလုပ်မည်ဖြစ်ပြီး အုပ်စု (A) တွင်   ထိုင်း၊  မလေးရှား၊ ဖိလစ်ပိုင်၊ အုပ်စု  (B) တွင် ဗီယက်နမ်၊   မြန်မာနှင့်  အင်ဒိုနီးရှားအသင်းတို့ ပါ၀င်နေသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားနှင့် အမျိုးသမီးအသင်းသည်    ဆီးဂိမ်းပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်လျက်ရှိပြီး  ထိုင်းနည်းပြများဖြင့် ပြင်ဆင်လျက်ရှိသည်။         

သတင်း-ချစ်ကိုကို

ဓာတ်ပုံ-MFF