ရန်ကုန်    ဩဂုတ်    ၂၇

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ထိုင်းနိုင်ငံက  အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်  (၃၃)ကြိမ်မြောက်  ဆီးဂိမ်းပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်လျက်ရှိပြီး သြဂုတ် ၂၅ ရက်မှစ၍ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ် ထိုင်းနိုင်ငံသား ပီရာဆတ်က ကိုင်တွယ်နေပြီး ကျင်းပပြီးစီးခဲ့သည့်  အမျိုးသမီးဖူဆယ်လိဂ်တွင်  ခြေစွမ်းပြခဲ့သည့် ကစားသမား  ၂၉ ဦးဖြင့်  ဖွဲ့စည်းထားခြင်းဖြစ်သည်။   မြန်မာ့လက်ရွေးစင်     အမျိုးသမီးဖူဆယ်အသင်းသည် ယခုနှစ်ဆန်းပိုင်းတွင် အာရှဖလား ခြေစစ်ပွဲယှဉ်ပြိုင်ပြီးနောက် ခုနစ်လကျော်အကြာတွင် ပြန်လည် ဖွဲ့စည်းခြင်းဖြစ်ပြီး နည်းပြချုပ်ပါ အပြောင်းအလဲပြုလုပ်ထားခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ပြည်ပလေ့ကျင့်ရေးခရီးစဉ် သို့မဟုတ် နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းတွင် နည်းပြချုပ်အဖြစ် ထိုင်းနိုင်ငံသား ပီရာဆတ်၊ လက်ထောက်နည်းပြအဖြစ် ဦးအောင်အောင်၊ ဒေါ်ဝါဝါခိုင်၊ ဂိုးနည်းပြ ဦးထွန်းထွန်းလတ်၊ ကြံ့ခိုင်ရေးနည်းပြ တာဝမ်(ထိုင်း)၊ ကစားသမားများအဖြစ် ဂိုးသမား-ချောစုစုအောင် (Divine)၊ သရဖီအောင် (YRG)၊ ဆုလှိုင်ဖြိုး၊ သိမ့်စန္ဒာစိုး (ရန်ကုန်စီးတီး)၊ လုဂျာ (Thunder Tigresses)၊ ကစားသမား-ယမင်းလွင်၊ ဖူးပွင့်ခိုင်၊ အေးအေးထွေး၊ နန်းဆိုင်ဘရမ်း၊ နှင်းစန္ဒာလှိုင်  (Divine)၊ ယွန်းမီမီလွင်၊ ဆုဝါလွင်၊ ယမင်းသန့်ဇင်၊ ဝတ်ရည်လွင်၊ မေသင်္ဂါကြွယ်၊ မေဇင်ဦး၊ ဇင်ငြိမ်းချစ်၊ ထက်နှင်းထွေး၊ မေသက်ပိုင်၊ လွင်လွင်သက်(YRG)၊ ဆွေမာအောင်၊ ဂျိုမိုးညီ၊ မီးအက်စတာရွယ်စင်၊ ဝေဖူးအိမ်  (Thunder Tigresses)၊ အေးငြိမ်းနိုင်၊ မိမိဇင်၊ ခင်ပြည့်လင်း၊ အိအိကျော် (အား/ကာသိပ္ပံ)၊ ဇင်မာထွေး (Pacific Sun Far) တို့ ပါဝင်ကြသည်။          

သတင်း-ချစ်ကိုကို၊ ဓာတ်ပုံ-MFF