ရန်ကုန်   အောက်တိုဘာ   ၁၃

မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက်   ဆီးဂိမ်းပြိုင်ပွဲအတွက် အောက်တိုဘာ ၁၃ ရက်မှစ၍ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင်အမျိုးသား ဖူဆယ်အသင်းကို  ပဏာမကစားသမား ၂၄ ဦးဖြင့် ဖွဲ့စည်းထားပြီး အာရှဖလားခြေစစ်ပွဲယှဉ်ပြိုင်ခဲ့သည့် လူစာရင်းကို အပြောင်းအလဲများ ပြုလုပ်ထားသည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းတွင် ပုံမှန်ပါဝင်နေသည့် မျိုးမြင့်စိုး၊ ငြိမ်းမင်းစိုး၊ အောင်ဇင်ဦး   စသည့် ဝါရင့်ကစားသမားများကို ချန်လှပ်ကာ  လူငယ်ကစားသမားအများစုဖြင့်  ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မြန်မာဖူဆယ်အသင်းသည် စက်တင်ဘာလက ယှဉ်ပြိုင်သည့်  အာရှဖလားခြေစစ်ပွဲတွင် မျှော်မှန်းသလောက် ရလဒ်မကောင်းသဖြင့် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းအသင်းကို  နည်းပြချုပ်အဖြစ်  ထိုင်းနိုင်ငံသား  ပတ္တရားပီခွန်က ကိုင်တွယ်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ပဏာမလူစာရင်းတွင် ဂိုးသမား-မိုင်းစိုးမြတ်ထွေး၊ မျိုးကိုကိုဦး (MIU)၊ ကျော်ရဲသွေး (Winner Generations)၊ ကျော်ဇင်မျိုးဦး (YRG)၊  ကစားသမား- မင်းခန့်၊  သက်ထွန်း၊  မင်းခန့်သူ၊  စိုင်းပြုံးအောင်၊ ထွန်းအောင်ကျော်(MIU)၊  အောင်ကျော်ဖြိုး(United City))၊ ရှိုင်းထက်အောင်၊ ဝေယံဖြိုး၊ မျိုးသက်ကျော် (VUC)၊ မင်းချစ်သူ၊ မင်းထက်နိုင် (M2K)၊ ကိုကိုလွင်၊ နိုင်လင်းထွန်းကျော်၊ စည်သူအောင်၊ သက်နောင်(YRG)၊ ဆက်ဝေယံ၊ ထွဋ်ထွဋ်လွင်  (Winner Generations) ၊ ထွန်းထွန်းဝင်း(ပြည့်စုံ )၊ ဂျင်မီစိုး (YCDC MHDT)နှင့် ထူးဝေယံ (ဟံသာဝတီ) တို့ ပါဝင်ကြသည်။

သတင်း - ချစ်ကိုကို

ဓာတ်ပုံ - MFF