ရန်ကုန်     ဒီဇင်ဘာ     ၉

(၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကျင်းပနေသည့် ထိုင်းနိုင်ငံ၌ ကြိုတင်လေ့ကျင့်နေသော  မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ် ဒီဇင်ဘာ  ၉  ရက်က Muban Chom Beung တက္ကသိုလ်အမျိုးသမီးအသင်းနှင့် လေ့ကျင့်ရေးခြေစမ်းပွဲကစားခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် ဒီဇင်ဘာ ၅ ရက်ကတည်းက ထိုင်းနိုင်ငံသို့ ရောက်ရှိနေရာ လေ့ကျင့်မှုများပြုလုပ်ပြီး   ဒီဇင်ဘာ  ၉  ရက်တွင် ခြေစမ်းပွဲကစားခြင်းဖြစ်ကာ  ရလဒ်ကိုမူ  ထုတ်ပြန်ခြင်းမရှိပေ။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ဒီဇင်ဘာ ၁၀ ရက်(ယနေ့)တွင် ပြိုင်ပွဲကျင်းပမည့်    ဗန်ကောက်မြို့သို့    သွားရောက်မည်သည်။

မြန်မာ့လက်ရွေးစင်  အမျိုးသမီးဖူဆယ်အသင်းသည်  ဆီးဂိမ်းအမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် အင်ဒိုနီးရှား၊    ဗီယက်နမ်အသင်းတို့နှင့်   တစ်အုပ်စုတည်းကျရောက်နေပြီး ဒီဇင်ဘာ   ၁၃    ရက်တွင် အင်ဒိုနီးရှားအသင်း၊ ဒီဇင်ဘာ ၁၄ ရက်တွင် ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သတင်း - မောင်စံကြီး

ဓာတ်ပုံ - MFF