ရန်ကုန် ဒီဇင်ဘာ ၁၆
(၃၃) ကြိမ်မြောက် ဆီးဂိမ်းစစ်တုရင်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၆ ရက်က ဆက်လက်ကျင်းပရာ မြန်မာစစ်တုရင်အဖွဲ့သည် အာဆီယံစစ်တုရင် အမျိုးသမီးအသင်းလိုက် အမြန်ရွှေ့ပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခုရရှိသည်။
မြန်မာစစ်တုရင် အမျိုးသမီးအားကစားသမားများဖြစ်သည့် စုစုလှိုင်၊ စိုးမိုးခိုင်၊ မေဆုလွင်၊ မေဆက်လွင်၊ မျိုးမျိုးသူတို့ပါဝင်သည့် မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်အသင်းကို အရေးနိမ့်သဖြင့် ပူးတွဲကြေးတံဆိပ်ဆုဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားအသင်းက ဗီယက်နမ်အသင်းကို အနိုင်ရကာ ရွှေတံဆိပ်ရခဲ့ပြီး မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းက ပူးတွဲကြေးတံဆိပ်ရရှိခဲ့သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-PPS


