ရန်ကုန် နိုဝင်ဘာ ၁၁
(၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းကို အထောက်အကူဖြစ်စေရန် ယူ-၂၂ (ခ) အသင်းဖွဲ့စည်းပြီး နိုဝင်ဘာ ၁၁ ရက်က သန်လျင် သီဟဒီပကွင်း၌ ယူ-၂၂(က) အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့သည်။
ယင်းခြေစမ်းပွဲတွင် မြန်မာ ယူ-၂၂ (က)အသင်းက ယူ-၂၂ (ခ) အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယူ-၂၂(က)အသင်းကို ဂျပန်နိုင်ငံသား ကူရိုဆာကီက နည်းပြချုပ်အဖြစ် ကိုင်တွယ်နေပြီး ဖေဖော်ဝါရီလကတည်းက ကာလရှည်လေ့ကျင့်ပြင်ဆင်နေသည့် အသင်းဖြစ်သည်။ ယူ-၂၂ (ခ) အသင်းကို နည်းပြချုပ်အဖြစ် ဟံသာဝတီယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းက ကိုင်တွယ်နေပြီး ယူ-၂၂ (က)အသင်း၌ မပါ၀င်သူများ၊ MNL၊ MNL-2 နှင့် ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းများမှ အလားအလာရှိသူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယူ-၂၂ (ခ) အသင်းသည် နိုဝင်ဘာ ၇ ရက်တွင် စတင်လေ့ကျင့်နေခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ (ခ) အသင်းတွင် အုပ်ချုပ်သူ ဦးဇော်လင်းထွန်း(မဟာယူနိုက်တက်)၊ နည်းပြချုပ် ဦးမျိုးမင်းထွန်း (ဟံသာဝတီယူနိုက် တက်)၊ လက်ထောက်နည်းပြ ဦးပေါ်ထွန်းကျော်(သစ္စာအားမာန်)၊ ဦးချစ်ကိုကို(ဟံသာဝတီယူနိုက်တက်)၊ ဂိုးနည်းပြ-ဦးနိုင်လင်းထွန်း (ဟံသာဝတီယူနိုက်တက်)၊ ကစားသမားများအဖြစ် ဂိုးသမား- ခန့်မင်းသန့်(ရခိုင်ယူနိုက်တက်)၊ ပိုင်ဇင်(အား/ကာသိပ္ပံ)၊ စိုင်းသီဟနိုင် (ဧရာဝတီယူနိုက်တက်)၊ ကစားသမား-ဟိန်းဇော်နိုင်၊ လူမင်းချစ်၊ အောင်သူရိန်၊ ဟိန်းသီဟမင်း(ရတနာပုံ)၊ ဝေယံလင်းသူ (ဒဂုံစတားယူနိုက်တက်)၊ ထွန်းထွန်းသိန်း(Dagon Port)၊ လင်းလက်ထွေး၊ ဟိန်းထက်အောင် (ဧရာဝတီယူနိုက်တက်)၊ သူရ(ရခိုင်ယူနိုက်တက်)၊ ခွန်းချိုထူး(ရန်ကုန်ယူနိုက်တက် ယူ-၂၁)၊ ချစ်အေး၊ သာယာဝင်းထက်(ရန်ကုန်ယူနိုက်တက်)၊ ဟန်ထွန်းဇော်(ရှမ်းယူနိုက်တက်)၊ ပြည့်စုံအောင် (သစ္စာ အားမာန်)၊ စောဆဲကပေါ်ဆေး၊ ဟိန်းထက်ငြိမ်း၊ ကျော်ဇေယျ(အား/ကာသိပ္ပံ)၊ သော်ဇင်ကို(Junior Lions)၊ ဝိုင်းလု(ဟံသာဝတီယူနိုက်တက်)၊ အေဆက်ကို၊ ကောင်းဇေယျာလင်း(မဟာယူနိုက်တက်)တို့ ပါဝင်ကြသည်။
မြန်မာ ယူ-၂၂ (က) အသင်းနှင့် ယူ-၂၂ (ခ) အသင်းသည် နိုဝင်ဘာ ၁၄ ရက်တွင် ထပ်မံခြေစမ်းမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF


