ဆိပ်ဖြူ နိုဝင်ဘာ ၆
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံနေကြာကို ဒေသခံတောင်သူများ စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး နေကြာမျိုးကောင်းမျိုးသန့် အထွက်နှုန်းကောင်းမွန်သည့် ရေဆင်း(၁)နှင့် ဆင်းရွှေကြာ(၂)မျိုးများကို စိုက်ပျိုးဆောင်ရွက်ကြသည်။
၂၀၂၅ ခုနှစ် မိုးနေကြာကို ၁၉၄၈ ဧက စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ပြီး မိုးလယ်ကာလတွင် စိုက်ပျိုးသည့် နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ရိတ်သိမ်းပြီးမိုးနေကြာမှာ ၁၂၁၈ ဧက ဖြစ်ပြီး တစ်ဧကပန်းတိုင်အထွက်နှုန်း ၅၀ ဒသမ ၁၁ တင်း ထွက်ရှိကြောင်း၊ ဆောင်းစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနေကြာကို ၇၅၉၂ ဧက လျာထားစိုက်ပျိုးရန် စီမံဆောင်ရွက်ထားရှိသည့်အနက် ဧက ၃၇၄၀ စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)


