ဆိပ်ဖြူ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲကာလ မဲရုံများ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရန်အတွက် မီးဘေးလုံခြုံရေး ကို ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆိပ်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးအေးမင်းမောင် ဦးဆောင်ကြီးကြပ်မှုဖြင့် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များက ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကာလ မဲရုံများ မီးလောင်မှု၊ မီးလန့်မှုမဖြစ်စေရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများ၊ မဲရုံများတွင်တာဝန်ကျဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများနှင့် လုံခြုံရေးအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်၍ မီးဘေးအသိပညာပေး ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုကိုင်တွယ်တတ်စေရေး အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမိုး


