မိုဂါဒစ်ရှူး   ဒီဇင်ဘာ  ၂၂

ဆိုမာလီယာတွင် မိုးခေါင်ရေရှား အရေးပေါ်အခြေအနေ   သိသိသာသာဆိုးရွားလာကြောင်း၊ နိုင်ငံတစ်ဝန်း ပြည်သူ ၄ ဒသမ ၆၁ သန်း ကာလရှည်ကြာခြောက်သွေ့ မှုဒဏ်ကိုခံစားခဲ့ရကြောင်း   ကုလ သမဂ္ဂဒုက္ခသည် ကယ်ဆယ်ရေးအေဂျင်စီမှ အာဏာပိုင်များက ဒီဇင်ဘာ ၂၂ ရက်တွင်ခန့်မှန်းခဲ့သည်။

မိုးရာသီနှစ်ရာသီတွင် မိုးလုံလုံလောက်လောက်မရရှိခြင်းနှင့် ကူညီထောက်ပံ့ရန် ရန်ပုံငွေပြတ်လပ်ခြင်းတို့ကြောင့်  မိုးခေါင်ရေရှား အရေးပေါ်အခြေအနေဖြစ်ပေါ်လာခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပေါ်ခြင်းက ရှိရင်းစွဲဆိုးရွားနေသော လူသားချင်းစာနာထောက် ထားမှုအခြေအနေများကို ပိုမိုဆိုးစေကြောင်း  ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ  ညှိနှိုင်းရေးရုံး (OCHA) က ပြောသည်။

ကျေးလက်ဘဝပျက်စီးမှုကို   အရေးပေါ်အကူအညီပေးနိုင်ရန်၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ လူမှုဘဝကိုအကူအညီပေးရန်၊ အသက်ပေါင်းမြောက်မြားစွာ ဆုံးရှုံးမှုကို ကာကွယ်ပေးရန် ဆိုမာလီအာဏာပိုင်များက တောင်းဆိုထားသည်ဟု ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးတွင် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏  နောက်ဆုံးထုတ်ပြန်ချက်တွင်    ဖော်ပြထားသည်။ 

၂၀၂၆ ခုနှစ် ဧပြီလအထိ မိုးရွာမည့်အခြေအနေမရှိသောကြောင့် လာမည့်လေးလတာကာလအတွင်း အာဏာပိုင်များက တိကျပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခုပေးမည်ဖြစ်သည်။  စားနပ်ရိက္ခာမလုံလောက်မှုသည်   ဆိုမာလီနိုင်ငံတစ်ဝန်း၌ အခြေအနေဆိုးရွားစွာ ဖြစ်ပေါ်လာမည်ဖြစ်သည်။       

ဆင်ဟွာ