ဆင်ပေါင်ဝဲ ၂၁ ဖေဖော်ဝါရီ  


ဆင်ပေါင်ဝဲမြို့နယ် အတွင်းရှိ ကျေးလက်ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးနှင့် မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု   သံဂဟေဆက် သင်တန်းကို  ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ  တစ်လကြာ ကျေးလက်ဒေသဖွံ့ ဖြိုး တိုးတက်ရေးရုံး၌ ဖွင့်လှစ်သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။


သင်တန်းတွင် သံနှင့် ပတ်သက်သည့် လုပ်ငန်းသုံး ပစ္စည်းများ မိတ်ဆက်ရှင်းလင်းခြင်း၊ သံပိုက်ဖြတ် တောက်ပုံဖော်ခြင်း၊ တပ်ဆင်ခြင်းနှင့် သံဖြင့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် ခွေးခြေခုံ၊ တန်းလျား၊ ကုတင်၊ သံတံခါး၊ သောက်ရေအိုးစင်၊ အစည်းအဝေး ခန်းမစားပွဲ၊ စာအုပ်စင်၊ ပန်းကန်စင်နှင့် ဒါန်းပြုလုပ်ခြင်းတို့ကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ သင်တန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့ နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ပြီး သင်တန်းသားဦးရေ  ၃၀ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။ 


နေခြည် (ဆင်ပေါင်ဝဲ)