နယူးယောက်   ဒီဇင်ဘာ   ၁၄

ဆူဒန်နိုင်ငံ      အဘေရီဒေသရှိ  ကုလသမဂ္ဂငြိမ်းချမ်းရေး  အခြေစိုက်စခန်းတစ်ခု   ပစ်မှတ်ထားတိုက်ခိုက်ခံရမှုကြောင့်  ဘင်္ဂလားဒေ့ရှ် တပ်မတော်မှ   ငြိမ်းချမ်းမှု ထိန်းသိမ်းရေးအဖွဲ့ဝင် ခြောက်ဦး သေဆုံးပြီး  အခြားရှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဘင်္ဂလားဒေ့ရှ်  တပ်မတော်၏ ပြည်သူ့ဆက်ဆံရေးဌာနက ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း နောက်ထပ် အသေးစိတ်အချက်အလက်များကို ဖော်ပြထားခြင်းမရှိပေ။ ဘင်္ဂလားဒေ့ရှ်  ယာယီအစိုးရ၏ အကြံပေးအကြီးအကဲ မိုဟာမက်ယူနွတ်စ်က အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်ပြီး  အလွန်ထိတ်လန့်တုန်လှုပ်မိကြောင်း  ပြောသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးအဖွဲ့ဝင်များအား ပစ်မှတ်ထားတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချထားသည်။ ထို့အပြင် ဂူတာရက်စ်က သေဆုံးသွားသည့် ငြိမ်းချမ်းမှုထိန်းသိမ်းရေးအဖွဲ့ဝင်များ၏ မိသားစုများ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့်  ပြည်သူများကို  အလွန်အမင်းထိခိုက်ဝမ်းနည်းရကြောင်း   ပြောကြား ထားသည်။                        

ဆင်ဟွာ