ဂျီနီဗာ   ဩဂုတ်   ၂၆

ဆူဒန်နိုင်ငံ ဆော့သ်ကော်ဒိုဖန် ပြည်နယ်ရှိ ဒီးလင်းဒေသသို့ ၁၀ လအတွင်း  ပထမဆုံးအကြိမ်အဖြစ် အသက်ကယ်  အကူအညီများပါသည့်    ယာဉ်တန်းရောက်ရှိလာကြောင်း ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများက ဩဂုတ် ၂၅ ရက် တွင် ပြောသည်။

ထို့နောက် ကုလသမဂ္ဂကလေးများ  ရန်ပုံငွေအဖွဲ့ ယာဉ်တန်းသည် ပြည်နယ်၏ မြို့တော်ကာဒူဂလီ  မြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(အိုစီအိတ်ချ်အေ) က ပြောသည်။   အဆိုပါ   ထောက်ပံ့ကူညီမှုများသည်     ဒီးလင်းနှင့် ကာဒူဂလီဒေသတွင်  အကူအညီ လိုအပ်သူ ၁၂၀၀၀၀ ကျော်   ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဒေသများတွင် လူသားချင်းစာနာမှုအကူအညီလိုအပ်မှုမှာ   အလွန်ဆိုးရွားသောအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ လူပေါင်းများစွာမှာလည်း လပေါင်းများစွာကြာ ဝိုင်းဝန်းပိတ်ဆို့ခံထားရကြောင်း    အိုစီအိတ်ချ်အေက ပြောသည်။

ဆူဒန်နိုင်ငံ မြောက်ဒါဖာပြည်နယ်တွင်  ပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း  သိရသည်။   မြောက်ဒါဖာပြည်နယ် မီလစ်ခရိုင်တွင် အစာအာဟာရပြတ်လပ်မှုအကျပ် အတည်းနှင့်ပတ်သက်ပြီး    အလွန်အမင်းစိုးရိမ်ကြောင်း အိုစီအိတ်ချ်အေက ပြောသည်။      နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့၏ မကြာသေးမီက ကောက်ယူရရှိခဲ့သော စစ်တမ်းတစ်ခုတွင်  ကလေးသူငယ်သုံးဦးအနက် တစ်ဦးမှာ အပြင်းအထန် အာဟာရချို့တဲ့မှုဖြစ်ပွားလျက်ရှိကြောင်း   ဖော်ပြထားသည်။

ယင်းသို့   ဖြစ်ပွားမှုကြောင့် အသက်ငါးနှစ်အောက်  ကလေးသူငယ်ထောင်ပေါင်းများစွာမှာ ပြင်းထန် သော  ဖျားနာမှုများ၊ ဖွံ့ဖြိုးမှုဆိုင်ရာ   နောက်ဆက်တွဲပြဿနာများနှင့်  အသက်သေဆုံးမှုများကို     အလျင်အမြန်ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။                    

ဆင်ဟွာ