နေပြည်တော် ဇန်နဝါရီ ၂၈
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံလူရွှင်တော်အသင်း (ဗဟို) တို့ ပူးပေါင်းပြီး “စိန်ရတု ပြည်ထောင်စုလူရွှင်တော်ဖလား” လူရွှင်တော်ပြိုင်ပွဲ၊ ပွဲစဉ်(၄)ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၂၉) ရက်၊ စနေနေ့ည (၈) နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ဟာသမင်္ဂလာ ရွှေဆိုင်းတော်အဖွဲ့ တီးခတ်မှုနှင့်အတူ လူရွှင်တော်များဖြစ်ကြသည့် သော်တာ၊ ဇီးကွက်၊ ဝါဂွမ်းနှင့် ချစ်သူတို့က ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ခြင်းကို ဖေဖော်ဝါရီ (၂) ရက်၊ (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်း (၁) နာရီခွဲ National News အင်္ဂလိပ်ဘာသာသတင်း အစီအစဉ်အပြီးတွင် ပြသမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ ၈ ရက်မှ ဖေဖော်ဝါရီ ၅ ရက်အထိ ပွဲစဉ် ၅ ပွဲကို အပတ်စဉ် စနေနေ့ညတိုင်းနှင့် ဖေဖော်ဝါရီ (၉) ရက်နှင့် (၁၀) ရက် ညတို့အပြင် ဖေဖော်ဝါရီ (၁၂) ရက် စနေနေ့ညပိုင်းတွင် ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်