ပခုက္ကူ ၂၇ ဖေဖော်ဝါရီ
စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ်ဆိုင်ရာ ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီ ပခုက္ကူမြို့နယ် ကိုင်းကျေးရွာတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပခုက္ကူမြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်မာက အမှာစကားပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာ ယမင်းသီရိဌေးနှင့် ဒေါက်တာဝေဝေလွင်တို့က ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ချိုမူမူလွင်မှ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲကို ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ကိုင်းအုပ်စုတွင်း ကျေးရွာများမှ တောင်သူများ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ တက်ရောက်ခဲ့ကြသည်။
ကိုတမာ


