ဂျိုဟန်နက်စ်ဘာ့ဂ်   နိုဝင်ဘာ   ၂၃

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့၌ စက်မှုထိပ်သီးနိုင်ငံ ၂၀ ၏ ထိပ်သီးအစည်းအဝေးကို  ယမန်နေ့တွင် စတင်ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ခေါင်းဆောင်များက ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံတကာအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ဂျပန်ဝန်ကြီးချုပ် တာကိုင်ချီဆာနေးနှင့် တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်းတို့ တက်ရောက်ခဲ့သည်။

စက်မှုထိပ်သီးနိုင်ငံ ၂၀ က ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုတန်ဖိုး၏ ၈၀ ရာခိုင်နှုန်းကျော်ရရှိရန် ခန့်မှန်းထားသည်။

နှစ်ရက်ကြာ ထိပ်သီးစည်းဝေးပွဲသည် လွတ်လပ်ပြီးပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံစုံ လွတ်လပ်သောကုန်သွယ်မှုစနစ်ကို တည်ဆောက်ရန် ဂျပန်နိုင်ငံ၏ ကတိကဝတ်ကို ဝန်ကြီးချုပ် တာကိုင်ချီ ဆာနေးက အလေးပေး ပြောကြားမည်ဖြစ်ကြောင်း သိရသည်။

Global South ဟု လူသိများသော ထွန်းသစ်စဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုကို ကြိုးပမ်းရန်  ဂျပန်ဝန်ကြီးချုပ် တာကိုင်ချီဆာနေးက ပြောကြားမည်ဖြစ်ကြောင်း သိရသည်။

ထိပ်သီးအစည်းအဝေး သဘာပတိဖြစ်သော တောင်အာဖရိကသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ဆောင်ရွက်မှုများ အားကောင်းစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုများ သေချာစေရန်အတွက် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ   ဒေါ်နယ်ထရမ့်နှင့်  ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တက်ရောက်ခြင်းမရှိခဲ့ပေ။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်