စလင်း ၂၄ ဖေဖော်ဝါရီ
မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသတွင် တည်ရှိသော မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများ လာမည့်နွေရာသီကာလတွင် သောက်သုံးရေများ ရှားပါးပြတ်လပ်ပါက တင်ပြတောင်းခံနိုင်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
“စလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၄၁၇ ရွာ၊ အိမ်ခြေ ၅၁၂၈၆၊ လူဦးရေ ၂၃၄၁၄၅ ဦး နေထိုင်လျက်ရှိပြီး မြို့နယ်အတွင်းရှိ ကျေးရွာများ နွေရာသီမှာ သောက်သုံးရေ ရှားပါးပြတ်လပ်မှု ပေါ်ပေါက်လာပါက အမြန်ရေပေးဝေနိုင်ရေးအတွက် ရေ ၅ ဂါလံဆံ့ ရေဘူး ၁၀ဝ ခန့် ဝယ်ယူထားရှိပါတယ်။ မလုံလောက်ပါက ရေသယ်ယာဉ်များဖြင့် ကျေးရွာအရောက် ပေးဝေသွားပါမယ်”ဟု စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျက ပြောသည်။
ဆက်လက်ပြီး အမှန်တကယ် သောက်သုံးရေ ရှားပါးသည့်ကျေးရွာဖြစ်ပါက ဌာနမှ ရန်ပုံငွေ တင်ပြတောင်းခံပြီး စက်ရေတွင်းများ တူးဖော်ပေးသွားမည်ဟု ၎င်းက ပြောသည်။
ငြိမ်းသူ(စလင်း)


