ရန်ကုန် နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် သမဝါယမအသင်းစုလီမိတက်၏၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက် ကျွန်းတောလမ်းရှိ မြို့နယ်သမဝါယမအသင်းစုလီမိတက်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးဝင်းတင်က အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်က သမဝါယမအသင်းများ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် အသင်းများ ဆက်လက်ရှင်သန် ဖွံ့ဖြိုးတိုးတက်စေမည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အသင်းစုအမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြား၍ အတည်ပြုခဲ့ကြသည်။
သျှင်ဝင်းသျှင်


