စင်ကာပူ နိုဝင်ဘာ ၁၉

 

စင်ကာပူနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၄၇၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီး အဆိုပါ ရောဂါကြောင့် ခုနစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရောဂါကူးစက်ခံရသူများအနက် ၁၀ ဦး သည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူများ ဖြစ်ပြီး ကျန် ၃၄၆၄ ဦးသည် ပြည်တွင်းကူးစက်ခံရသူများဖြစ်သည်။

 

အဆိုပါသေဆုံးသူများသည် အသက် ၄၇ နှစ်မှ ၈၃ နှစ်အကြား အရွယ်များဖြစ်ပြီး ရောဂါအခံရှိသူများ ဖြစ်သည်။

 

အဆိုပါ သေဆုံးမှုအရေအတွက်သည် အောက်တိုဘာ ၂၇ ရက်မှစပြီး နေ့စဉ်သေဆုံးမှု အရေအတွက် အနည်းဆုံး ဖြစ်သည်။

 

လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူပေါင်း ၂၄၄၈၁၅ ဦးရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၆၁၉ ဦး ရှိပြီဖြစ်သည်။ ။

 

ပြည်သူ ၈၅ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးနှံမှုခံယူထားပြီးဖြစ်ပြီး ၈၆ ရာခိုင်နှုန်းသည် ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်သည်။ ထို့ပြင် ပြည်သူ ၂၀ ရာခိုင်နှုန်းသည် ကာကွယ်ဆေး အပိုထပ်ဆောင်း ထိုးနှံမှုခံယူထားပြီးဖြစ်ကြောင်း သိရသည်။

ကိုးကား- စီအင်န်အေ

ဘာသာပြန်- အောင်ကျော်ကျော်