ရန်ကုန်  ၁၀ ဖေဖော်ဝါရီ 

 

စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းကို ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက အမှတ် ၆ ရပ်ကွက် အ.လ.က(၁) အောင်ဆန်းခန်းမတွင် ဖွင့်လှစ်သည်။ 

 

3.11112.

 

အဆိုပါသင်တန်းသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌများနှင့် အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ တက်ရောက်ကြသည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးကျော်ငြိမ်းက သင်တန်းဖွင့်အမှာစကား ပြောကြားပြီး စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းကို ပို့ချရာ စည်ပင်ဥပဒေ၊ နည်းဥပဒေ၊ ကော်မတီရွေးကောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ကျွမ်းကျင်သူတာဝန်ရှိသူများက ပို့ချကြသည်။

 

အဆိုပါသင်တန်းကို (၂)ရက်တာ ပိုချသွားမည်ဖြစ်ပြီး သင်တန်းသား (၅၀) ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ် (ပြန်/ဆက်)မှ သတင်းရရှိသည်။

 

MDN