မက်ဒရစ် စက်တင်ဘာ ၁၄
စပိန်နိုင်ငံ မြို့တော်မက်ဒရစ်၌ စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်း က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အဆောက်အအုံ တစ်စိတ်တစ်ပိုင်း ပြိုကျမှုဖြစ်ပွားသဖြင့် ၂၁ ဦး ထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။
စပိန်နိုင်ငံ မက်ဒရစ်တောင်ပိုင်း ဘားတစ်ခုအတွင်း ညနေ ၃ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြည်တွင်းရုပ်မြင်သံကြား ကွန်ရက်တယ်လီမက်ဒရစ် အရေးပေါ်ဝန်ဆောင်မှုအဖွဲ့က ပြောကြားသည်။ သုံးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းအရေးပေါ်ဝန်ဆောင်မှုအဖွဲ့က ပြောကြားသည်။ အခင်းဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူနာတင်ယာဉ်များ၊ ဒေသခံနှင့် အမျိုးသားရဲအရာရှိများကို စေလွှတ်ခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်နိုင်ကြောင်း ကနဦးသတင်းများအရ သိရသည်။
ဆင်ဟွာ


