မက်ဒရစ်    အောက်တိုဘာ   ၇

စပိန်နိုင်ငံ  မက်ဒရစ်မြို့တွင်  ပြုပြင်မွမ်းမံမှုများ  ဆောင်ရွက်နေသည့် အဆောက်အအုံပြိုကျခဲ့ရာ       လေးဦးပျောက်ဆုံးနေပြီး အနည်းဆုံး ၁၀ ဦး  ဒဏ်ရာရရှိခဲ့ကြောင်း  တာဝန်ရှိသူများက ပြောကြားသည်။

၎င်းဖြစ်ရပ်သည်     မက်ဒရစ်ရှိ Plaza Mayor အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၎င်းနေရာအား ပိတ်ထားပြီး အနီးနားရှိအဆောက်အအုံများတွင် နေထိုင်သူများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။

ဒဏ်ရာရသူများမှာ ဆောက်လုပ်ရေးလုပ်သားများဖြစ်ပြီး  တစ်ဦးမှာ  ခြေထောက်ကျိုးသွားသဖြင့် ဆေးကုသမှုခံယူနေရကြောင်း  သိရသည်။

အဆောက်အအုံပြိုကျမှုဖြစ်ချိန်တွင် လုပ်သားနှစ်ဦးခန့် အဆောက်အအုံထဲတွင်ရှိနိုင်ကြောင်း  တာဝန်ရှိသူများက  ပြောကြားသည်။

ကိုးကား - ဒီဒဗလျူ

ဘာသာပြန် - စိုးသူရ