စပိုက်ဂဲလ်အဖွဲ့သားတွေ ပြန်လည်ပေါင်းစည်းပြီး ပြုလုပ်ခဲ့တဲ့ရှိုးပွဲကို ပြီးခဲ့တဲ့သောကြာနေ့ညက ဗျူဗလင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ရှိုးပွဲပြုလုပ်စဉ်အတွင်း အသံပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ပရိသတ်တွေ စိတ်မကျေမနပ်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
၁၉၉၀ ပြည့်နှစ်ဝန်းကျင်တွေတုန်းက ဖွဲ့စည်းခဲ့တဲ့ စပိုက်ဂဲလ်အဖွဲ့ဟာ ခုနစ်နှစ် အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အဖွဲ့ ပြန်လည်စုစည်းပြီး ပွဲပြုလုပ်ခဲ့တာပါ။ ပရိသတ်ပေါင်း ၇၀ဝဝဝ ခန့်က သူတို့ရဲ့ပွဲကို စောင့်ကြည့်ခဲ့ကြပါတယ်။ ပရိသတ်တွေကတော့ သူတို့ရဲ့ ပွဲကို ကြည့်ရဖို့ ခက်ခက်ခဲခဲစောင့်ဆိုင်းခဲ့ကြရပေမယ့် တကယ်တမ်းကြည့်တဲ့အခါမှာတော့ ပွဲမှာ အသံမကောင်းလို့ စိတ်ညစ်ရတယ်လို့ ပြောကြပါတယ်။ နောက်တစ်ကြိမ်ကျရင် ဒီထက်ပိုကောင်းအောင် လုပ်သွားပါမယ်လို့ အဖွဲ့သားတစ်ဦးဖြစ်တဲ့ ဘရောင်းက ပြောပါတယ်။
ဂျူဗလင်မှာ ပြုလုပ်ခဲ့တဲ့ပွဲကို လာကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ နောက်ပွဲတွေမှာ အသံပိုင်းရော အဆိုပိုင်းပါ ဒီထက်ပိုပြီးကောင်းလာစေရပါမယ်လို့ ဘရောင်းက ကတိပြုပြောကြားခဲ့ပါတယ်။ ဂျူဗလင်မှာ ပြုလုပ်ခဲ့တဲ့ပွဲမှာတော့ မယ်လာ နီဘရောင်း၊ မယ်လာနီချေဆန်၊ ဂျယ်ရီနဲ့ အီမာဘန်တွန်တို့ ပါဝင်ခဲ့ပြီး ဗစ်တိုးရီးယား ဘက်ခမ်းတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။
ခြူးစန္ဒီနွေး
ကိုးကား-စီအန်င်အင်