၁၀ မေ
Star Wars ဇာတ်ကား ၄ ကား ၊ Marvel ကား ၈ ကား ၊ Avatar ၄ ကား နဲ့ အန္ဒိယာနာဂျုံး ကားအသစ်တွေ လာမယ့်နှစ်များအတွင်းမှာ အလှည့်ကျ ဖြန့်ချိဖို့ ရှိနေပါတယ်။ Star Wars: The Rise of Skywalker ဇာတ်ကားကို လာမယ့် ခရစ်စမတ်မှာ ရုံတင်ဖို့ရှိနေပါတယ်။ ဒါပေမယ့် နောက် Star Wars ဇာတ်ကား ၃ ကားကို ၂၀၂၂-၂၀၂၆ အတွင်းမှ ရုံတင်မှာဖြစ်တဲ့အတွက် နှစ်အနည်းငယ်ခြားသွားမှာဖြစ်ပါတယ်။
အဲဒီအချိန်မှာ Avatar ဇာတ်ကား က ပရိတ်သတ်ဆီကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။ Avatar ဇာတ်ကား ၄ ကားကို ၂၀၂၁ - ၂၀၂၇ ခုနှစ်အတွင်းပြသဖို့ရှိရာမှာ Star Wars နဲ့ Avatar ဇာတ်ကားတွေက တနှစ်စီ အလှည့်ကျ ရုံတင်သွားမှာမယ်လို့ သိရပါတယ်။
Marvel ကား ၈ ကားအတွက်ကတော့ ၂၀၂၀-၂၀၂၂ အတွင်းမှာ ရုံတင်သွားမှာဖြစ်ပြီး အန္ဒိယာနာဂျုံး ဇာတ်ကားအသစ်ကတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ ရုံတင်မှာဖြစ်ပါတယ်။ အဲဒီဇာတ်ကားရုံတင်ချိန်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဟယ်ရီဆန် ဖို့ဒ်ဟာ အသက် ၇၉ နှစ်ရှိသွားမှာဖြစ်ပါတယ်။
Star Wars ရုံတင်မယ့်ရက်စွဲ
၂၀ ဒီဇင်ဘာ ၂၀၁၉ - Star Wars: The Rise of Skywalker
၁၆ ဒီဇင်ဘာ ၂၀၂၂ - ဇာတ်ကားနာမည်မပေးရသေး
၂၀ ဒီဇင်ဘာ ၂၀၂၄ - ဇာတ်ကားနာမည်မပေးရသေး
၁၈ ဒီဇင်ဘာ ၂၀၂၆ - ဇာတ်ကားနာမည်မပေးရသေး
Avatar ရုံတင်မယ့်ရက်စွဲ
၁၇ ဒီဇင်ဘာ ၂၀၂၁ - Avatar 2
၂၂ ဒီဇင်ဘာ ၂၀၂၃ - Avatar 3
၁၉ ဒီဇင်ဘာ ၂၀၂၅ - Avatar 4
၁၇ ဒီဇင်ဘာ ၂၀၂၇ - Avatar 5
၂၀ဝ၉ ခုနှစ်က ရုံတင်ခဲ့တဲ့ Avatar ဇာတ်ကားဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံဝင်ငွေရှိခဲ့ကြောင်း သိရပါတယ်။
MDN