ဒေးဒရဲ ၈ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ခရီးသွားပြည်သူများ ရောဂါပိုးကူးစက်မှု မရှိစေရေးအတွက် ခရီးသည်တင် မော်တော်ယာဉ်နှင့် ရေယာဉ်များတွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းအား ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဒေးဒရဲမြို့ရှိ အဝေးပြေး ကာဝန်းအတွင်း ခရီးသည်တင် မော်တော်ယာဉ်များ၊ လူဝင်လူထွက်များသည့် ကားဝန်းအတွင်း အပြင်နေရာများ၊ ခရီးသည်တင် ရေယာဉ်များ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံတံတားများနှင့် လူအသွားအလာများသည့် ဇက်ဆိပ်တို့အား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး မြို့နယ်အဆင့်ကော်မတီ၏ ပံ့ပိုးမှုဖြင့် မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)


