ဒေးဒရဲ ၁၁ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်တွင် မြို့နယ်အဆင့် လူထုကျန်းမာရေး စောင့်ရှောက်မှု ဆန်းစစ်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၀ ရက်က မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင်က လူထု ကျန်းမာရေးစောင့်ရှောက်မှု ဆန်းစစ်ဆွေးနွေးပွဲ ကျင်းပပြုရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက ၂၀၁၈ ခုနှစ်အတွင်း လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်မှုများကို နှစ်ချုပ်စာရင်းများပြုလုပ်ပြီး အားသာချက်၊ အားနည်းချက်များကို သုံးသပ်၍ ဆန်းစစ်ဆွေးနွေးမှုများ အပြန်အလှန် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ လူထုကျန်းမာရေးစောင့်ရှောက်မှု ဆန်းစစ်ဆွေးနွေးပွဲသို့ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများ ၁၃၅ ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၁ ရက်အထိ (၂)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်ဆက်)


